Audio File Format များအကြောင်းသိကောင်းစရာ
Audio File Format များအကြောင်းသိကောင်းစရာ
Digital Audio File ဆိုတာ Music Production အတွက်အဓိကကုန်ကြမ်းတစ်ခုဗျ။ Streaming Platform ကနေ Sample Pack အထိ Audio ကိုသိုလှောင်စရာတစ်ခုရှိမှအသုံးပြုလို့ရတယ်။ ဒီတစ်ခေါက်မှာ ကျွန်တော် Audio File Format တွေနဲ့ သူတို့ရဲ့အချက်အလက်တွေကိုရှင်းပြထားတယ်ဗျ။
Audio File Format ဆိုတာဘာလဲ
Audio File Format ဆိုတာ Audio ကို Digital နည်းပညာနဲ့ သိမ်းတဲ့ File ရဲ့ နာမည်ကိုပြောတာဖြစ်တယ်။ Digital ဆိုတဲ့အတွက်ကြောင့် Digital Device တွေမှာပဲ သုံးလို့ရတယ်။ Audio File Format ထဲကို Audio သိမ်းတဲ့နေရာမှာ Pulse Code Modulation (PCM) ဆိုတဲ့ နည်းပညာကိုသုံးတယ်။ PCM Audio ကို Audio File Format ထဲသွင်းပေးမှ ကျွန်တော်တို့ဖုန်းမှာ သီချင်းဖွင့်တာတို့, PC မှာ Edit တာတို့ ပြုလုပ်လို့ရတယ်။
Lossless Vs Lossy
သီချင်းနားထောင်ဖို့အတွက် Audio File အမျိုးအစား 2ခုရှိတယ်။ Lossless နဲ့ Lossy။ ခြားနားချက်ကိုပြောပါဆို Audio သိမ်းပုံခြင်းမတူတာ။ အဲဒီအဆင့်ကို Data Compression လို့ခေါ်တယ်။ Lossless က Data ကို Compress လုပ်လိုက်ပေမယ့် Quality မလျော့ဘူး။ Lossy က Quality လျော့တယ်။
Compress မလုပ်တဲ့ Audio File Format
Compress မလုပ်ထားတဲ့အတွက်ကြောင့် Quality က ရှိတဲ့အတိုင်းပဲ။ Size တော့များလာတယ်။ Music Production မှာသုံးတယ်။ Quality တွေက 44.1kHz (CD), 48kHz (High Quality Music Production), 96kHz (Archival Quality) ဆိုပြီးရှိတယ်။
Audio File Format များ
လူသုံးများတဲ့ Format 6ခု ရှိတယ်ဗျ။ အဲဒီ Format တွေကို Smartphone တွေ, PC တွေ နဲ့အခြား Digital Device တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတယ်။
MP3 (Lossy)
သီချင်းနားထောင်မယ်ဆို MP3 ကမပါမဖြစ်ပဲ။ MP3 က 2000ခုနှစ်နောက်ပိုင်း သူ့ရဲ့ File Size အသေးလေးထဲမှာ Audio Quality ကောင်းကောင်းသိမ်းလို့ရလို့ နာမည်ကြီးလာတာ။ ကမ္ဘာပေါ်မှာ Internet ပေါ်ကနေ Audio File တွေ လျင်လျင်မြန်မြန် Share ပေးလို့ရတဲ့ ပထမဦးဆုံး Format က MP3 ဖြစ်တယ်။
AAC (Lossy)
AAC Format ကို Dolby, Microsoft နဲ့ Bell Company တို့က စပြီးတီထွင်ခဲ့တယ်။ AAC လည်း File Size နည်းပြီး MP3 နဲ့ Quality အတူတူပဲ။ နောက်ပိုင်း AAC က Apple Company ရဲ့ ပင်တိုင် Audio Format ဖြစ်လာတယ်။ iTunes မှာရှိတယ့် သီချင်းတွေက AAC Format တွေဖြစ်တယ်။
Ogg Vorbis (Lossy)
Lossy အမျိုးအစားထဲမှာ Ogg က Open Source ဖြစ်တယ်။ Open Source ဆိုတာ PCM Audio ကို Read/Write လုပ်တဲ့အခါ အသံထစ်တာ, အသံမပါလာတာမျိုး မဖြစ်အောင် လုပ်ပေးထားတာ။ ဒါကြောင့် ဖုန်းတွေရဲ့ Factory Ringtone တွေဆို Ogg Format တွေချည်းပဲ။
FLAC (Lossless)
FLAC ကလူသုံးအများဆုံး ပထမဦးဆုံး Lossless Format ဖြစ်တယ်။ FLAC ရဲ့ရည်ရွယ်ချက်က Storage အကန့်အသတ်နဲ့ ထုတ်လိုက်တဲ့ Device တွေ (ဥပမာ - Apple Device တွေ) မှာ Audio Quality ကောင်းကောင်းကို Compress လုပ်ထားတဲ့ပုံစံနဲ့ နားထောင်လို့ရအောင် ထုတ်ထားတာ။
WAV နဲ့ AIFF (No Compression)
ဒီ Format 2မျိုးကတော့ Music Producer တွေနဲ့ ရင်းနှီးပါတယ်။ Quality ကိုလုံးဝ Compress မလုပ်ထားဘူး။ WAV က PC မှာသုံးပြီးတော့ AIFF က Mac မှာ သုံးတယ်။ Quality ကွာခြားချက်မရှိဘူး။ နာမည်ပဲကွာတာ။
Music Production သမားတွေအတွက်ကျွန်တော်အကြံပေးချင်တာက သီချင်းလုပ်မယ်ဆို အနည်းဆုံး 24bit, 48kHz WAV နဲ့ Export လုပ်သင့်တယ်။ သီချင်းကို Mastering အချောသတ်ပြီးပြီဆို MP3 ကို 320kbps နဲ့ Export ထုတ်ပြီးတော့ စမ်းပြီးနားထောင်ကြည့်သင့်တယ်။
Post အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးဗျာ။ နောက်တစ်ခါလည်း စိတ်ဝင်စားစရာ Knowledge Sharing တွေရေးပါဦးမယ်။
#CrdOrginalUploader
#AESMyanmar
#CreativeMediaInstitute
#စုံစီနဖာနည်းပညာ
#elစက်ပြင်လက်စွဲ
#NewVersion
JAPAN USED AUDIO SHOP
အောက်မှာပုံလေးတွေကြည့်
ကြိုက်ရင်
HELLO
☎️09425276712
Kpay/wavepay
%မယူပါ
💥Line in အဓိကသုံးကြမှာပါ
Phone/computer/Bluetooth (external device)/စလောင်းစက်/Android Tv/box
ကြိုက်တာနဲ့ချိတ်
အသံထွက်ကရှယ်ပေါ့
ဦးမောင်၀င်းမောင်
စုံစီနဖာနည်းပညာ(MultipleTech)
မြကန်သာလက်ဖက်နှင့်ပဲအကြော်စုံ
သု၀ဏ္ဏ၀တီမြို(ကျိုက်ကော်+သိမ်ဆိပ်)
☎️09425276712
သထုံမြို့နယ်
လက်ကျန်ရှင်းတဲ့ဈေးပါနော်
အကုန်အကောင်းတွေပါ
နောက်တလော့ထပ်မှာ မလို့ပါ
နောက်တလော့ဒီဈေးနဲ့မရနိုင်ပါ



Comments
Post a Comment